33 C
Yangon

မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံး

Must read

လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီးချစ်ခိုင်၏ ပစ္စတို သေနတ်မှာ ကော်စေ့ သေနတ်ဖြစ်နေ

ရန်ကုန်၊ မေ ၁၀

မန္တလေးတိုင်း၊ မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာမြိုမြောက်ဘက် ၂ မိုင်အကွာရှိ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြိုမှ စဉ့်ကူးဘက်သို အထွက်တွင်တည်ရှိပြိး ၊ မတ္တရာမြိုနှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း Drone Jammer (၁)လတ် ၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် စစ်သားအလောင်း ၁၂ လောင်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်သားများ ကစဉ့်ကလျားထွက်ပြေးသူများလည်း အများအပြားရှိခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ရဲဘော်၁ ဦး ကျဆုံးကြောင်း သိရှိရသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီး ချစ်ခိုင် ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article