28 C
Yangon

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေအိမ်များကို မီးရှို့နေသောကြောင့် တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ မေ ၁၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ရေကြောင်းအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများက ပဲဒက်ကျေးရွာ အတွင်းကို ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲဒက်ကျေးရွာရှိ စစ်တပ်စခန်းကို‌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မေလ ၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က ရေကြောင်းမှ ချီတက်လာကာ ပြန်လည် ထိုးစစ် ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပဲဒက်စခန်းကို ပြန်လိုချင်တာထင်တယ်။ ရေလမ်းကနေတက်လာတာ။ ဒီမနက်တော့ ပဲဒက်ကျေးရွာ ထဲရောက်ပြီး ရွာလယ်ပိုင်းကနေစပြီး နေအိမ်တွေ မီးရှို့နေတာ၊ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲပြန်ဖြစ်နေတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပဲဒက်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်းသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်ပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိကာ စစ်ရေးအရ အရေးပါသည့် ဗျူဟာစခန်းတစ်ခုဖြစ် ကြောင်း၊ ပဲဒက်ကျေးရွာအနောက်ဘက်ကိုလည်း ရေကြောင်းမှ သင်္ဘောဖြင့် လာရောက်နိုင်ကြောင်း သိရ သည်။

“ပဲဒက်ရွာအနောက်မှာ သင်္ဘောလာလို့ရတယ်။ ပဲဝပ်လို့ခေါ်တယ်။ထားဝယ်သွားလို့ရတယ်။ ပဲဒက် ရွာသားတွေမှာ လှေရှိတယ်၊ အရင်ကတော့ လှေနဲ့ မြိတ်ကိုသွားကြတယ်။ အဲဒါကြောင့် အဲဒီစခန်းကို သူတို့က အရမ်းပြန်လိုချင်နေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။

မေလ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပဲဒက်ကျေးရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ ၂၆ ဦး အရှင်ဖမ်းဆီးရ ရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သားများ အသုံးပြုသည့် လက်နက်မျိုးစုံ အလက် ၃ဝ နှင့် ခဲယမ်းမီး ကျောက် များ၊ စစ်သုံး ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲ ဘော် ၂ ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက်အသက်ပေးလှူခဲ့ရသည့်အပြင် ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article