28 C
Yangon

မလှိုင်၊ သပိတ်ကျင်းနှင့် တောင်သာ မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၀

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့နယ် သက်ကယ်ချင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉ လုံးချကျဲကာ မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ထို့ပြင် တောင်သာမြို့နယ်၊ ပဲခင်းကျော် ကျေးရွာအား စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မေလ ၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း (27 Revolution Forces) မြင်းခြံခရိုင်တပ်ရင်းအမှတ် ၂ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈မလှိုင် ပကဖ နှင့် Tiger Brother မြစ်သား PDF တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်ရွာ အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာကို မေလ ၇ ရက်နေ့ တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group (Drone Team) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (Drone Team)ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ဗိုလ်လင်းယုန် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article