25 C
Yangon

AA က ရိုဟင်ဂျာ မွတ်စလင်များကို ကူညီဆောင်ရွက်ပေးနေပုံများ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ပြန်

Must read

ကိုယ်ကျိုးရှာသမားများက ဝေဖန် တိုက်ခိုက်နေလင့်ကစား AA တပ်ဖွဲ့ဝင်များက စစ်မှန်သော သူရဲကောင်းများအဖြစ် အမိမြေကို စောင့်ရှောက်နေဟုဆို

ရန်ကုန်၊ မေ ၁၁

ရခိုင်ပြည်နယ်တွင် AAက ရိုဟင်ဂျာ မွတ်စလင်များကို ကူညီဆောင်ရွက်ပေးပုံများကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

အဆိုပါဓာတ်ပုံများတွင် ရိုဟင်ဂျာဒုက္ခသည်များကို AA တပ်ဖွဲ့ဝင်များက ကူညီစောင့်ရှောက်ပေးနေပြီး နှစ်ဦးနှစ်ဖက်အကြား နှစ်လိုဖွယ် ကူညီစောင့်ရှောက်မှုများဖြင့် အပြန်အလှန် အပြုံးပန်းများ ရှိနေသည့် ပုံများကို ထုတ်ပြန်သည်။

“ကိုယ်ကျိုးရှာပြီး မိမိအကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် ကိုယ်ကျိုးစီးပွားကို သစ္စာစောင့်သိသော လက်ကိုင်တုတ်များက ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားကြောင်း၊ ၎င်းတို့သည် ရခိုင် အမိမြေအတွက် စစ်မှန်တဲ့ သူရဲကောင်းများဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article