25 C
Yangon

မုံရွာမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၁၁ ပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်းတနေရာ၌ ပဒေသာ မိုင်း ၂ လုံး ၃ ပွိုင့် ၃ လုံး ၂ ပွိင့်၊ ရှေ့ထွက်မိုင်း ၂ လုံး စုစုပေါင်းမိုင်း ၁၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ပေါ်ပါ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး တွဲကား တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

“အင်အားဖြည့်တဲ့ကားတွေ မဟုတ်ပါဘူး။ ဝမ်ပေါင်ဘက်ကနေ ပစ္စည်းတွေ သယ်နေတဲ့ကား တွေပါ။ မိုင်းဆွဲပြီးတော့ တွဲကားတစ်စီး ခနထိုးရပ်သွားပါတယ်။ ခနနေမှ ခွေးသေတွေရော၊ ဒဏ်ရာရတဲ့ဟာ တွေရော တင်ပြီး ပြန်မောင်းထွက်သွားတာ” ဟု People’s Defence Force – South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ Area71 People’s Defence Force၊ မုံရွာမြို့နယ်၊ တိုက်နယ် ၃ ရပ်ကျေး ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article