25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့က ရိုဟင်ဂျာ အယောက်၇၀၀၀ လောက်ဟာ ရခိုင့်တပ်တော် AA ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက် ခိုလှုံလာတယ်လို့ ရခိုင့်တပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ကနေ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
  • စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် ရက်ချိန်းယူဖို့တောင် ပွဲစားနဲ့ ငွေကြေးပေးနေရတဲ့အပြင် ၊ စင်ကာပူမှာ သူနာပြု အလုပ် လုပ်ကိုင်သူမှန်သမျှ ကိုလည်း စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ မြန်မာနိုင်ငံ ပြန်ခိုင်းနေတယ်လို့ စင်ကာပူရောက် မြန်မာတွေဆီကနေ သိရပါတယ်။
  • ရခိုင်ပြည်နယ် သံတွဲမြို့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ကြူကြူလှရဲ့ ဇာတိကျေးရွာ ဇီးကျွန်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article