25 C
Yangon

နောင်ချိုတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၂ ဦးသေဆုံးကြောင်း TNLA က ပြောဆိုထုတ်ပြန်သည်။

မေ ၁၀ ရက်နေ့ ည ၈ နာရီ အချိန် စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ မှ ခမရ-၁၁၁ တပ်က အုမ္မသီး ကျေးရွာမှ သုံးဆယ်ရွာသို့ လက်နက်ကြီး ၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုကဲ့သို ပစ်ခတ်မှုကြောင့် ဦးစံရွှေ၏ နေအိမ်ပေါ်သို ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူ ပြည်သူ ၆ ဦးအနက် ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ ၂ ဦးမှာ အသက် ၆၂ နှစ် အရွယ် ဦးစံရွှေ(အိမ်ထောင်ဦးစီ) ၊ မဝင်းဝင်းပြုံး အသက် ၂၄ နှစ် တို့ ဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးမှာ ဦးစံရွှေ ၏ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် ၂၁ နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် ၆၀ နှစ်၊ သားမက်ဖြစ်သူ မောင်အေးချမ်းနှင့်မောင်မြင့်ဇော်ဦး တို့ဖြစ်ဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၄ ဦးကို ပြင်ဦးလွင်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ပြီး သေဆုံးသူ ၂ ဦးကို ကျေးရွာပြည်သူများက မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် နောင်ချိုမြိုနယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီးတပ်က ပစ်ခတ်လိုက်သည့်လက် နက်ကြီးကြောင့် နေအိမ် ၂ လုံးနှင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်သဘောတူညီခဲ့ဟော အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article