25 C
Yangon

ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူးတို့ ဂျပန်ရောက်ရှိပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

Must read

ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူးတို့ ဂျပန်ရောက်ရှိပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ မေ ၁၅

ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူးတို့ ဂျပန်ရောက်ရှိပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျပန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၀၅ မိနစ်အချိန် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. KOMURA Masahiro နှင့် မြန်မာနိုင်ငံ တိုင်း ရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အဖွဲ့တို့ကို တွေ့ဆုံခဲ့ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ ခူဦးရယ်တို့နှင့် ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး က တွေ့ဆုံကြကြောင်း သိရှိရသည်။

လွှတ်တော်ဒု-ဝန်ကြီး KOMURA က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း၊ ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မစ္စတာ KOMURA က ပြောဆိုသည်။

တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဂျပန်နိုင်ငံမှ ပေးအပ်သော ပံ့ပိုးကူညီမှုများ၊ မြန်မာနိုင်ငံ အခြေအနေများကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အခြေအနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် နှစ်ဖက် အနီးကပ် ဆက်သွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောဆိုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ CNF အတွင်းရေးမှူး Salai Thla Hei တို့လည်း ဂျပန်အစိုးရ၏ ဖိတ်ကြားမှုများဖြင့် ဂျပန်နိုင်ငံရောက်ရှိနေပြီး ဂျပန်ဘက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article