25 C
Yangon

သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၁၅ ဦး ဒဏ်ရာရ

Must read

သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၁၅ ဦး ဒဏ်ရာရ

■ စစ်တပ်၏လက်နက်ကြီးကျည် ထိမှန်၍ နေအိမ် ၂၃ လုံးပျက်စီးပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊မေ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ထုတ်ပြန်သည်။

မေလ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ ၊ ခမရ-၉ နှင့် ခလရ-၈ တပ်ရင်းတပ်စခန်းများက လက်နက်ကြီးများဖြင့် သထုံမြို့နယ်အတွင်းရှိ ရွှေရောင်ပြရွာ၊ ဝီယော်ရွာ၊ ကဒီပုရွာနှင့် ဒေါက် ရပ် ရွာကို ပစ်ခတ်ခဲ့ခြင်းကြောင့် အဝန်းကြီးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွန်း ၊ အသက် ၄၆နှစ် အရွယ် ဒေါ်မြသိန်း၊ ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ် အရွယ် ဒေါ်ခင်မေ တို့ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါက်ရပ်ရွာမှ အသက် ၆၂ နှစ် အရွယ် ဦးတင်စိုး၊ အသက် ၁၈ နှစ်အရွယ် စောနေမျိုးအောင်၊ အဝန်းကြီး ကျေးရွာမှ အသက် ၁၁ နှစ်အရွယ် နော်ဖြူဖြူအေး၊ အသက် ၄ နှစ် အရွယ် နော်ချစ်ချစ်ဖိုး၊ အသက် ၅ နှစ်အရွယ် နော်စေးဝါး၊ အသက် ၄၂ နှစ်ဒေါ်အေးပု၊ အသက် ၅၂ နှစ် အရွယ် ဒေါ်ပန်းပို၊ အသက် ၇ နှစ် အရွယ် နော်စုစန္ဒါ ၊ အသက် ၁၂ နှစ်အရွယ် ခွန်ဝီရအောင် ၊ အသက် ၆၂ နှစ် အရွယ် ဒေါ်ဌေးအောင်၊ အသက် ၂၁ နှစ် အရွယ် ခွန်စည်သူလွင်၊ အသက် ၅၀ နှစ် အရွယ် ဒေါ်စိန်စိန်ကျောကုန်း၊ အသက် ၇၃ နှစ် အရွယ် ဦးမောင်ကြီး ၊ ရွှေရောင်ပြကျေး ရွာမှ အသက်၁၄ နှစ်အရွယ် နော်မေသဇင်၊ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် ၄ လ လွယ်ထားရသော နော်စုခိုင်ဝင်း တို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်ရွာမှ နေအိမ် ၅ လုံး၊ ထုံးဘို လေးရွာမှ နေအိမ် ၂ လုံး၊ အဝန်းကြီးကျေးရွာမှ နေအိမ် ၁၆ လုံး၊ ဒေါက်ရပ်ရွာမှ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ရွှေရောင်ပြရွာမှ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်တွင် အဝန်းကြီးရွာမှ ပြည်သူ ၈၇၆ ဦး၊ ဇီးဝန်းရွာမှ ပြည်သူ ၈၇၆ ဦး၊ ရွှေရောင်ပြရွာမှ ပြည်သူ ၁၁၁၉ ဦး၊ ဒေါင်းရွာမှ ပြည်သူ ၁၉၈ ဦး၊ ပန်းအောင်ကုန်းရွာမှ ပြည်သူ ၁၄၆ ဦး၊ ခလောက်အင်းရွာမှ ပြည်သူ ၄၉၁ ဦး၊ မရမ်းကုန်းရွာမှ ပြည်သူ ၄၁၈ ဦးနှင့် မိချောင်းအိုင်ရွာမှ ပြည်သူ ၄၅၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို က ထုတ်ပြန်ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article