25 C
Yangon

နမ့်ခမ်းမြို့ အေးချမ်းသာယာရေး PSLF/TNLA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး

Must read

နမ့်ခမ်းမြို့ အေးချမ်းသာယာရေး PSLF/TNLA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ မေ ၁၆

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းခန်းမတွင် နမ့်ခမ်းမြို့တွင်း အေးချမ်းသာယာရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနှင့် နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲကို PSLF/TNLA ၏ နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီးတောင်တန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ရှားပါးမျိုးဇီဝတိရစ္ဆာန်များ မျိုးတုံးပပျောက်မသွားအောင် ကာကွယ်ပေးရန်၊ မြေယာနှင့်သစ်တောပြဿာနာများဖြစ်ပွားလျှင် လာရောက်တိုင်ကြားနိုင်ရေးနှင့် ပြည်သူများလိုက်နာရမည့် မြေယာနှင့်သစ်တောဥပဒေများကို ရှင်းလင်းတင်ပြပေးခဲ့ကြောင်း၊ နမ့်ခမ်းမြို့ အေးချမ်းသာယာလှပစေရေးအတွက် မြို့၊ ရပ်ကွက်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို သက်ဆိုင်ရာ ဌာနများက အကြီးအကဲများကဆွေးနွေးတင်ပြပေးခဲ့ကာ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ၎င်းတို့၏ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ဆွေးနွေး၍ မြို့နယ်အေးချမ်းသာယာနှင့် ဖွံ့ဖြိုးတိုးရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို ဆွေးနွေးအကြံပြုပေးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် နမ့်ခမ်းမြို့တွင် ယခင်ကထက် ပိုမိုအေးချမ်းသာယာစေရေးနှင့် မြို့ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြို့နယ်မှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၁၅ ရက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article