26 C
Yangon

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌ နှင့် CNF အတွင်းရေးမှူး တို့ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ဇနီးတို့က တွေ့ဆုံ

Must read

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌ နှင့် CNF အတွင်းရေးမှူး တို့ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ဇနီးတို့က တွေ့ဆုံ

■ ဂျပန်နိုင်ငံက မြန်မာ့နွေဦးတော်လှန်ရေးအတွက် တံခါးစပွင့်လာနေဟုဆို

ရန်ကုန်၊ မေ ၁၆

ဂျပန်လွှတ်တော်အမတ်များနှင့် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ဇနီးက ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌ နှင့် CNF တို့မှ တာဝန်ရှိသူများကို တွေ့ဆုံကြောင်း သိရှိရသည်။

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူး Salai Thla Hei တို့ပါဝင်သော နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုများသည် ဂျပန်ပါလီမန်တွင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဇနီးဖြစ်သူ Ms Akie Abe နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

“ဂျပန်နိုင်ငံက တော်လှန်ရေးအတွက်တော့စပြီးတော့ တံခါးစပွင့်လာတဲ့ အနေ အထားမြင်ရတယ်ပေါ့ဗျာ။ အဲဒါလေးကို ပြည်သူလူထုကို သတင်းစကားပါးချင်တယ်။ ဂျပန်နိုင်ငံနဲ့ ချိတ်ဆက်လုပ်ဖို့ ပိုပြီးတော့လမ်းပွင့်သွားတယ်လို့ ပြောချင်ပါတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ ခူဦးရယ်နှင့်အတူ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၀၅ မိနစ်အချိန် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. KOMURA Masahiro ကိုသွားရောက်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article