25 C
Yangon

မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ထိုင်းဘတ်ငွေ ၂ ဘီလီယံကျော်တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုများကို ဝယ်ယူသည့် နိုင်ငံ ခြားသားများတွင် ဒုတိယအများဆုံး ကွန်ဒိုဝယ်သူများဖြစ်လာ

Must read

ရန်ကုန်၊ မေ ၁၇

မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုများကို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် ဒုတိယအများဆုံး ကွန်ဒိုဝယ်သူများ ဖြစ်လာကြောင်း ထိုင်း The Nation က ယမန်နေ့ သတင်းဖော်ပြသည်။

ယခင်က ထိုင်းအိမ်ခြံမြေစျေးကွက်တွင် ရုရှားလူမျိုးများက ဒုတိယအများဆုံး ကွန်ဒိုဝယ်ယူသူများဖြစ်ခဲ့ရာမှ ရုရှာများ၏ နေရာတွင် မြန်မာနိုင်ငံသားများ ဒုတိယအဖြစ် အစားထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများက ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း စုစုပေါင်း ထိုင်းဘတ်ငွေတန်ဖိုး ၁၈ ဒသမ ၀၂ ဘီလီယံဖိုး ဝယ်ယူခဲ့ကြကြောင်း၊ နိုင်ငံခြားသားများ၏ ကွန်ဒို ဝယ်ယူမှုသည် ယမန် နှစ်ထက် အခန်းပေါင်း ၄ ဒသမ ၃ ရာခိုင်နှုန်း ပိုမို ဝယ်ယူလာပြီး ဝယ်ယူမှုတန်ဖိုးမှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ပထမ ၄ လပတ်အတွင်း တရုတ်နိုင်ငံသားများက ထိုင်းကွန်ဒို ၁၅၉၆ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၄ ဒသမ ၅၇ ဘီလီယံ ဝယ်ယူပြီး ထိုင်းကွန်ဒို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် ပထမနေရာကိုလည်းကောင်း၊ မြန်မာနိုင်ငံသားများက ဒုတိယနေရာကိုလည်းကောင်း၊ ဘတ် ၉၂၄ သန်းတန်ဖိုးရှိ ကွန်ဒိုအခန်း ၂၉၅ ခု ဝယ်ယူသည့် ရုရှားနိုင်ငံသားများ တတိယနေရာကိုလည်း ကောင်း အသီးသီး ရရှိထားကြောင်း သိရှိရသည်။

ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၄၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများက ဝယ်ယူနေကြပြီး မြန်မာနိုင်ငံသားများက ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူနေကြကြောင်း၊ ရုရှားဝယ်လက်များကမူ ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၅ ရာခိုင်နှုန်းကို ဝယ်ယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ညဘက် မီးထိန်ထိန်လင်းနေသည့်ဘန်ကောက်မြိုတော်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညဘက် မီးထိန်ထိန်လင်းနေသည့်ဘန်ကောက်မြိုတော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article