25 C
Yangon

သထုံနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၈ တပ်ရင်း ဘီးလင်း သံတားကင်း ဂိတ်စခန်းက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ဖိုးဝါးသိမ်ရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဖိုးဝါးသိမ်ရွာနေ အသက် ၁၄ နှစ်အရွယ် စောထူးကပေါ် (ခ) စောထူးထူး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ၄ နာရီ ၂၅ မိနစ်အထိ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း တပ်စခန်းမှ ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ ထုံးဘိုလေးရွာနားတွင် ၃ လုံး၊ သုံးအိမ်စုရွာတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးအိမ်စုကျေးရွာမှ အသက် ၄ နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် ၄၂ နှစ်အရွယ် စောပဲ့ဖိုးနှင့် အသက် ၃၅ နှစ်အရွယ် နော်အိဖြူ တို့ တိုက်ခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးနှင့် သုံးဘီး ဆိုင်ကယ် ၁ စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

အလားတူ မေလ ၆ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၁) ကျေးရွာထိပ်ရှိ ရော်ဘာခြံအတွင်း လက်နက်ကြီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ရော်ဘာအစေးခြစ်နေသော အရပ်သား အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင် ပြင်းထန် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article