25 C
Yangon

၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

Must read

၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ မေ ၂၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့မှစတင်ပြီး ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်စခန်းများကို တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ရာမှ ယနေ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရွှေညောင်ပင်ကျေးရွာမှ ခမရ ၃၂၁ အခြေစိုက်စခန်းကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းက အတော်ကို အခိုင်အမာဆောက်ထားတဲ့ စခန်းကြီးပါ။ ရွှေညောင်ပင်နားမှာ တိုက်ပွဲဖြစ်နေတာက ဇန်နဝါရီ လောက်ကတည်း ကြိုကြားကြိုကြားဖြစ်တယ်။ တကယ်တမ်း စစ်ဆင်ရေးနဲ့ တိုက်တာကတော့ အခုရက်ပိုင်းအတွင်းမှာတိုက်တာ။ စခန်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲခုခံတာတွေ လုပ်တဲ့ကြားက သိမ်းဆည်းရရှိပါတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတုန်းမို့ ဘာမှ ပြောလို့မရသေးဘူး” ဟု ရှေ့တန်း KPDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ၀ိုင်းမော်မြို့အနီးတွင်လည်း စစ်ရေးတင်းမာလျက်ရှိပြီး ပြည်သူများ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article