25 C
Yangon

ကနေဒါနိုင်ငံ University of Toronto တွင် NUG ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်

Must read

ရန်ကုန်၊မေ ၂၂

ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင် NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မေလ ၂၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊တိုးတက်မှုများ အား တက်ရောက်လာသူများနှင့် ပွင့်လင်းမြင်သာစွာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စူထူထောင်နိုင်ရေးအတွက် ကနေဒါနိုင်ငံရှိ မြန်မာပြည်သူ၊ပြည်သားများလုပ်ဆောင်နိုင်သည့်အခန်းကဏ္ဍများကိုလည်းအကြံပြုဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံပွဲသို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရောက် မြန်မာပြည်သူများနှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article