25 C
Yangon

ရန်ကုန်မြို့ပေါ်တွင် သပိတ်အဖွဲ့များ စုပေါင်း၍ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကို ဆန့်ကျင်ကြရန် မီးတုတ်များ ကိုင်ဆောင်၍ ချီတက်ဆန္ဒပြ

Must read

ရန်ကုန်မြို့ပေါ်တွင် သပိတ်အဖွဲ့များ စုပေါင်း၍ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကို ဆန့်ကျင်ကြရန် မီးတုတ်များ ကိုင်ဆောင်၍ ချီတက်ဆန္ဒပြ

ရန်ကုန်၊ မေ ၂၂

ရန်ကုန်မြို့ပေါ်တွင် သပိတ်အဖွဲ့များ စုပေါင်း၍ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကို ဆန့်ကျင်ကြရန် မီးတုတ်များ ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသော ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ စုပေါင်း၍ ကဆုန်လပြည့်နေ လူထုသပိတ်လှုပ်ရှားမှု တခုကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း သပိတ် စစ်ကြောင်းတွင် ပါဝင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY ) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article