28 C
Yangon

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပြင်းထန်နေမှုကြောင့် ရန်ကုန်တွင် အောက်တိုဘာလ ကျင်းပရန် စီစဉ်ထားသည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ဖျက်သိမ်းဟု ကြေညာ

Must read

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပြင်းထန်နေမှုကြောင့် ရန်ကုန်တွင် အောက် တိုဘာလ ကျင်းပရန် စီစဉ်ထားသည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း မေလ ၂၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ပြည်တွင်းစစ် ပြင်းထန်မှုကြောင့် ယခုနှစ် ရန်ကုန်မြို့တွင် အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ပွဲကျင်းပမည့် အခြားနေရာတစ်ခုကို နောက်ပိုင်းတွင် ထပ်မံ ကြေညာမည်ဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောဆိုသည်။

“လက်ရှိအခြေအနေကြောင့် MGI 2024 ကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ မဟုတ်ပါဘူး” ဟု ပွဲစီစဉ်သောကုမ္ပဏီကိုယ်စားလှယ် Ratchaphol Chantaratim က AFP သတင်းဌာနထံသို့ ပြောဆိုသည်။

Miss Grand International 2024 ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရသော ဟွန်ဒူးရပ် မော်ဒယ် Cecilia Garcia က လုံခြုံရေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – Miss Grand International 2024 ပြိုင်ပွဲဝင် အလှမယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Miss Grand International 2024 ပြိုင်ပွဲဝင် အလှမယ်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article