27 C
Yangon

AA သိမ်းပိုက်ထားသော မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု AAတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်

Must read

ရန်ကုန်| မေ ၂၄

ရခိုင်ပြည် မြောက်ဦးမြို့ရှိ AA သိမ်းပိုက်ထားသော မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု AAတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက် လေယာဉ် ၁ စီးက မြောက်ဦးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဗုံးကျဲမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး ထိမှန်ပြီး အဆိုပါရုံးတွင် ရှိနေသော AA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

မြောက်ဦးခရိုင်ရုံးသည် လေးမြို့စားရပ်ကွက်ရှိ မြို့မရဲစခန်းအနီးတွင်ရှိပြီး ဗုံးကြဲတိုက်ခိုက်ခံရ၍ လုံးဝပျက်စီးသွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

မြောက်ဦးဒေသခံတစ်ဦးက ” နံနက် ၉ နာရီ ၄၅ မိနစ်ကျော်လောက်မှာ လေ ယာဉ် နဲ့ ခရိုင်ရုံးကို ဗုံးတစ်လုံးလာကြဲတယ်။ ဗုံးစတွေဟာ ကျမတို့အိမ်အထိ စိုင်လာတယ်။ လူမထိလို့ တော်သေးတယ်။ ခရိုင်ရုံးကတော့ ရစရာမရှိ ပျက်စီးသွားတယ်။ အဲရုံးမှာနေတဲ့ AA တပ်သား ၆ ဦးထက်မနည်း သေသွားတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့သူ အရေအတွက် အတိအကျ မသိရသေးဘူး။ ” ဟု ပြောသည်။

စစ်ကောင်စီက အရပ်သားများနေထိုင်ရာ မြို့၊ ရွာ များကို နေ့စဉ်ဗုံးကျဲတိုက် ခိုက် နေပြီး ယနေ့ မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိလန့်နေကြကြောင်း သိရသည်။

ရခိုင်ပြည်ရှိ AA သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – AA က သိမ်းပိုက်ထားသော မြောက်ဦးခရိုင်ထွေ/အုပ်ရုံး ဗုံးထိမှန်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

AA က သိမ်းပိုက်ထားသော မြောက်ဦးခရိုင်ထွေ/အုပ်ရုံး ဗုံးထိမှန်ထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article