25 C
Yangon

ကျိုက်ဒုံမြို့ ၊ စစ်ကောင်စီ၏ ဖူးချီးမူးစခန်းမှ ထိုင်းဘက်သို့ ထွက်ပြေးလာသော စစ်သား ၃၁ ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုရန် တောင်းဆို

Must read

ရန်ကုန်၊ မေ ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ ၊ စစ်ကောင်စီ၏ ဖူးချီးမူးစခန်းမှ ထိုင်းဘက်သို့ ထွက်ပြေးလာသော စစ်သား ၃၁ ဦးကို လူသတ်မှုများဖြင့် တရားစွဲဆိုရန် မြန်မာအရပ်ဘက်အဖွဲ့များက တောင်းဆိုလိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။

မေလ ၁၉ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ ၊ စစ်ကောင်စီ၏ ဖူးချီးမူးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သားအများအပြားကို ဖမ်းဆီးရရှိပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်းမှ စစ်ကောင်စီတပ်သား ၃၁ ဦးသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ လက်နက်များနှင့်အတူ ထွက်ပြေးဝင်ရောက်လာကြောင်း သိရှိရသည်။

ထိုင်းဘက်သို့ လက်နက်များနှင့်အတူ ဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၃၁ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးပြီး လက်နက်ဖြုတ်သိမ်းလိုက်ကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှုများပေးကာ မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းရန် ရှိကြောင်း ထိုင်းသတင်းများက ရေးသားကြသည်။

မြန်မာအရပ်ဘက်အဖွဲ့အစည်းများက အဆိုပါထွက်ပြေးလာသော စစ်သား ၃၁ ဦးသည် မြန်မာဘက်အခြမ်းတွင်အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီး ၁ ဦး အပါအဝင် ကရင်တိုင်းရင်သားအရပ်သား ၃ ဦးကို သတ်ဖြတ်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် တောင်းဆိုကြကြောင်း သိရှိရသည်။

အဆိုပါစစ်သားများသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးရင်းဖြင့် အရပ် သားများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ ကျိုက်ဒုံဘက်ရှိ တိုက်ပွဲများကြောင့် ကရင်ပြည်နယ်ဘက်အခြမ်းမှ ကျေးရွာသား ၃၀၀ မှ ၄၀၀ ဝန်းကျင်ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ် မတ်လ ၁၉ ရက်နေ့ စစ်ကောင်စီ၏ မယ်သရောခီး စစ်ကောင်စီ တပ်စခန်းနှင့် ကာကင်းစခန်းများမှ ထိုင်းဘက်သို့ ထွက်ပြေးလာသော စစ်သားများကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article