25 C
Yangon

တွန်းမြို့သိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ဝန်းကျင်အရှင်ဖမ်းမိပြီး လက်နက် ၅၀ ကျော်ရရှိကာ သေဆုံးသူ စစ်သား ၂၀ ဝန်းကျင်ရှိ

Must read

ရန်ကုန်၊ မေ ၂၄

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင် အရှင်ဖမ်းမိပြီး လက် နက် ၅၀ ကျော်ရရှိကာ သေဆုံးသူ စစ်သား ၂၀ ဝန်းကျင်ရှိကြောင်း CNA/CNF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များက အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီက စစ်ကူတပ်များ စေလွှတ်ခြင်း၊ ထွက်ပြေးသွားသော စစ်သားများက လက်နက်မချဘဲ ပြည်သူ့နေအိမ်များတွင် ခိုအောင်း တိုက်ခိုက်ခြင်းတို့ကြောင့် တိုက်ပွဲများ ဆက်တိုက် ရှိနေခဲ့ကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်သားများ လာရောက် ချထားပေးမှုများရှိနေသဖြင့် အဆိုပါ စစ်သားများကို နယ်မြေရှင်းလင်းရေး စီမံချက်ဖြင့် ရှင်းလင်း ခဲ့ရကြောင်း သိရှိရသည်။

“ဒီနေ့ အထိ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ အရှင် ဖမ်းဆီးရရှိတဲ့ စစ်သား ၄၀ ဝန်းကျင်ရှိတယ်။ လက်နက် ၅၀ ကျော်ရတယ်။ လောလော ဆယ် ဓာတ်ပုံတွေ မထုတ်ချင်ပါဘူး။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ် နေပါတယ်” ဟု CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၅ ရက်နေ့မှ စတင်ခဲ့သော လက်ရှိ တွန်းဇံမြို့သိမ်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံး သူ ၂၀ ဝန်းကျင်ရှိကြောင်း ၊ မေလ ၂၂ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ ခလရ ၂၆၉ အတွင်းတွင် ရွှေ့ပြောင်း သိမ်းဆည်းထားသော မြန်မာ့စီးပွားရေးဘဏ်မှ မြန်မာငွေကျပ်သိန်း ၃၀၀၀ ကျော်ကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တွန်းဇံမြို့နယ်အတွင်းရှိ ကျီခါးမြို့ကိုလည်းချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၉ ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article