25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့လယ်ခေါင်နဲ့ မြို့နယ်အများအပြားမှာ စစ်မှုထမ်းကိစ္စကို အကြောင်းပြပြီး စစ်ကောင်စီရဲ့ နယ်မြေခံစစ်အရာရှိတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေရဲ့ မိဘတွေဆီကနေ ငွေညှစ်မှုများ အကြီးအကျယ်ဖြစ်ပွားနေပြီး ၊ ငွေကျပ် ၁၀ သိန်းကနေ သိန်း ၅၀၀ အထိ ငွေညှစ်မှုတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။
  • ဧရာဝတီတိုင်းက ငပုတောမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းဖို့ ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ဆိုသူဟာ သူ့ကိုသူ ကြိုးဆွဲချ သတ်သေသွားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းဖို့ဆိုပြီး Digital ငွေကြေးတွေ ၊ ဟွန်ဒီတွေကို အရောင်းဝယ်လုပ်ရင် အရေးယူမယ်ဆိုပြီး ကြေညာ လိုက်ပြန် ပေမယ့် ဒေါ်လာတန်ဖိုးကတော့ ဆက်လက်ထိုးတက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article