25 C
Yangon

စစ်ကိုင်း-ရွှေဘို လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် မတ္တရာမြို့နယ်မှ ထွက် လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

Must read

ရန်ကုန်၊ မေ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်းပေါ်တွင် ဆက်ကြေးကောက် နေသော စစ်သား များနှင့် မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ မေလ ၂၆ ရက် နံနက် ၁၀ နာရီကျော်ခန့က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုခရိုင်ချင်း ဆက်လမ်း (စစ်ကိုင်း-မုံရွာ သံလမ်းဆုံ) တွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား မတရား ဖမ်းဆီးခြင်း၊ ငွေတောင်း ရမ်းခြင်းများ ပြုလုပ်နေသောအကြမ်းဖက်စစ်သား ၃၀ ကျော်ကို ဒရုန်း ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ‌ နေထိုင်ရာ ကားပေါ်သို့ တည့်တည့် ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲမှုကြောင့် ကစဉ့်ကလျားထွက်ပြေးနေသည့် အကြမ်းဖက်စစ်သားများကို မိုင်း ကွင်းအတွင်းအရောက် အဝေးထိန်းမိုင်း ၄ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှုရှိပြီး ဒရုန်းဖြင့် ဗုံးကျဲ ၊ မိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦး ထက် မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း၊ စစ်ကိုင်းမြို့မှ နာရေးကားများဖြင့် လာရောက်သယ် ဆောင်သွားကြောင်း သိရသည်။

“စစ်ကိုင်းထဲမှာချတာက ထပ်တိုးသေလည်း တစ်ယောက်နှစ်ယောက်ပဲ၊ အဲဒီလမ်းဆုံနေရာကို ကားနဲ့လာ ပြီး ပိုက်ဆံကောက်တာ၊ မနေ့ကတော့ စစ်ကိုင်းတပ်မ ၃၃ ထဲကနေ အင်အားထပ်ဖြည့်တယ်။ ဒီနေ့‌ တော့ မသိရသေးဘူး” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ စစ်ကိုင်းမြို့နယ် ဇုန် ၄ ပကဖ တာဝန်ခံကိုဂျိုး ဦးဆောင်သောအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ အထိုင်စခန်းမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာ သော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး ရှေ့ဆက်မတိုးရဲဘဲ နောက်ပြန်ဆုတ်သွားကြောင်း ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မတ္တရာမြို့နယ်၊ ပန်းယျရွာ အထိုင်စခန်းမှ အနောက်ဘက်သို့တိုးလာသော အကြမ်းဖက် စစ်သားများကို တုံကုန်းသုဿန်အရောက် တထောက် နားနေစဉ် Fixed Wings Drone ၂ စီး ဗုံး သီး ၂ ဖြင့် စတင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ တုံကုန်းရွာအနီး 53 အုတ်စက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်။ ပန်ယျအထိုင်စခန်းထဲမှာရော တုံကုန်းသုဿန်နေရာမှာ ရော တိတိ ကျကျ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။ အတိအကျ သိရဖို့ကတော့ စုံစမ်းနေတုန်းပါပဲ” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောဆိုသည်။

ထို့သို့ ပြန်ဆုတ်သွားသည့် အကြမ်းဖက်စစ်တပ်မှ စစ်သားများ 53 အုတ်စက်ထဲသို့ အရောက် ဒရုန်းဖြင့် ဗုံး ၂ လုံးဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများမှာ ဆက်မထွက်ရဲတော့ဘဲ ပုန်းအောင်းနေခဲ့ကြောင်း၊ ထို့သို့ ပုန်းအောင်းနေသည့် အကြမ်းဖက်စစ်သား များကို တတိယအကြိမ် ဒရုန်းဖြင့် ဗုံး ၁ လုံးချ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကြောင်းမှာ ရှေ့သို့ ဆက်မတက်လာရဲတော့ဘဲ မွန်း တည့် ၁၂ နာရီအချိန်တွင် ပန်ယျအထိုင်စခန်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အကြမ်းဖက် စစ် သား များ ပန်ယျကျေးရွာအထိုင်စခန်းသို့အရောက် မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်တွင် Fixed Wings Drone ၂ စီးဖြင့် ဗုံး ၂ လုံး ကျဲချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ) ၊ 7 PDF (MDY) တို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article