25 C
Yangon

မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၂ ဦး သတ်ဖြတ်ပြီး နဘူးအိုင်ရွာတွင် ၆ ရက်ကြာ တပ်စွဲထားသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၂ ဦး သတ်ဖြတ်ပြီး နဘူးအိုင်ရွာတွင် ၆ ရက်ကြာ တပ်စွဲထားသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ကစတင်ကာ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က နဘူးအိုင်ရွာကို ဝင်ရောက် စီးနင်းပြီး ယနေ့ မေလ ၂၇ ရက်နေ့ထိ တပ်စွဲထားကြောင်း၊ ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ တပ်စွဲထားသော ကျေးရွာအနီး ဖြတ်သန်းသွားလာသော ပြည်သူများကို PDF တပ်ဖွဲ့ဝင်များဟု ဆိုကာ စွပ်စွဲပစ်ခတ်ခြင်းကြောင့် ရွှေပေါ်ကျွန်းရွာမှ ကိုလင်း ပစ်သတ်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၅ ရက်နေ့ကလည်း အနီးအနားကျေးရွာများနှင့် နဘူးအိုင်ကျွေးရွာထဲကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် နဘူးရွာမှ ဒေါ်ခင်ညွှန့် ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“နဘူးအိုင်ကျေးရွာမှာ မေလ ၂၂ ရက်နေ့ကနေ စပြီး ပြည်သူတွေ နေအိမ်မှာ စစ်တပ်က တပ်ဆွဲထားပြီး ရွာအနီးနားတစ်ဝိုက်ကဖြတ်သွားဖြတ်လာတွေကို PDF ကင်းထောက်တွေဆိုပြီး ပစ်ခတ်တာ ရွှေပေါ်ကျွန်းကျေးရွာက ကိုလင်း ဆိုတဲ့ ပြည်သူတစ်ဦး ပစ်ခတ်ခံရတယ်။ ၂၅ ရက်နေ့က စစ်တပ်က ရွာထိပ်ကနေ မူးရူးပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ပြည်သူနေအိမ်ကျပြီး ရွာမှာ ကျန်ခဲ့တဲ့ ဒေါ်ခင်ညွှန့် လက်နက်ကြီးကျည်ထိမှန်ပြီး အဲ့နေရာပဲ ပွဲချင်းပြီးဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ခြေထောက်တစ်ချောင်း ဆုံးရှုံးလိုက်ရပါတယ်။ ညကရမ်းသန်းပစ်တာ မနက်ရောက်မှ သွားကြည့်ရဲကြတယ်။ ခြေထောက်ထိမှန်ထားတဲ့သူကိုတော့ ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က နဘူးအိုင်ရွာထဲကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် မေလ ၂၅ ရက်နေ့မှ စတင်ကာ ကျေးရွာအတွင်းရှိ ပြည်သူအားလုံးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာထဲရှိ ပြည်သူပိုင်နေအိမ်များ၌ တပ်စွဲနေထိုင်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article