25 C
Yangon

ရခိုင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၂၆၈ ဦးသေဆုံးပြီး ၆၄၀ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၈

ရခိုင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ် သား ၂၆၈ ဦးသေဆုံးပြီး၊ ၆၄၀ ဦးဒဏ်ရာရရှိကြောင်း AA က သတင်းထုတ် ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့အထိ တိုက်ပွဲ ၆ လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် ရိုဟင်ဂျာများအပါအဝင် ရခိုင်ပြည်သူ ၂၆၈ ဦး သေဆုံးသွားကြောင်း အာရက္ခတပ်တော် AA ၏ HDCO ရုံးက ယမန်နေ့ ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် ရခိုင် ၁၈၂ ဦး၊ မွတ်ဆလင် ၇၈ ဦး၊ မြို ၃ ဦး၊ ဗမာ ၂ ဦး၊ ခူမီ ၂ ဦး၊ မရမာကြီး ၁ ဦး စုစုပေါင်း ၂၆၈ ဦး ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့အထိ တိုက်ပွဲ ၆ လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်သူ ၆၄၀ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရှိရသည်။

ဒဏ်ရာရသူများထဲတွင် ရခိုင် ၅၀၉ ဦး၊ မွတ်ဆလင် ၁၁၂ ဦး၊ မရမာကြီး ၈ ဦး၊ ခူမီ ၆ ဦး၊ Chaw ၅ ဦး၊ မြို ၂ ဦး စုစုပေါင်း ၆၄၉ ဦးပါဝင်ကြောင်း၊ သေဆုံးသူများထဲတွင် အမျိုးသမီး ၂၈ ရာခိုင်နှုန်း၊ အမျိုးသား ၇၂ ရာခိုင်နှုန်းဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီး ၄၃ ရာခိုင်နှုန်းနှင့် အမျိုးသား ၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ရခိုင်ပြည်သူတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ရခိုင်ပြည်သူတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article