25 C
Yangon

ရွှေဘိုမြို့ပေါ်နှင့် ကျေးရွာများရှိ စစ်တပ် တပ်စွဲထားသော စခန်း ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်နှင့် ကျေးရွာများရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်း ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

မေလ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့ အမှတ် ၅ ရန်မျိုးအောင်ကွက်သစ် အတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ PDO အဖွဲ့နှင့် မြို့နယ် ပကဖ PDO-Drone Team-Federal Wings တပ်ဖွဲ့၊ တိုက်နယ် ၃ ပကဖ၊ တိုက်နယ် ၄ နယ်မြေ ပကဖ အဖွဲ့တို့ ပူးပေါင်း၍ ဒရုန်း ၂ စီးဖြင့် ၆၀ မမ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အလားတူ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ်၊ ကော့ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့နှင့် မြို့နယ် ပကဖ PDO-Drone Team-Federal Wings တပ်ဖွဲ့၊ တိုက်နယ် ၆ နယ်မြေခံပကဖအဖွဲ့နှင့် တိုက်နယ် ၃ ပကဖ၊ တိုက်နယ် (၄) ပကဖ ရွှေဘိုကျားကြီး လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်း၍ Drone ၂ စီးဖြင့် ၆၀ မမ ဗုံးသီး ၈ လုံးကျဲချခဲ့ပြီး နယ်မြေ ပကဖ လက်နက်ကြီးအဖွဲ့များက လက်လုပ် ၆၀ မမ ဖြင့် ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ မြင်ချင် ပျူစောထီးကျေးရွာရှိ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကောင်စီတပ်သားများကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့နှင့် မြို့နယ် ပကဖ PDO-Drone Team-Federal Wings တပ်ဖွဲ့၊ တိုက်နယ် ၂ နယ်မြေခံ MCပကဖ အဖွဲ့တို့ ပူးပေါင်း၍ ဒရုန်း ၂ စီးဖြင့် ၆၀ မမ ဗုံးသီး ၃ လုံးကျဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article