25 C
Yangon

ပခုက္ကူ၊ အရှေ့ဘုန်းကံရွာအနီးတွင် ကားဖြင့်ထွက်လာသည့် အရာရှိနှင့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သည် ၁ ဦးအရှင်ဖမ်းမိပြီး သေနတ် ၂ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ၊ စစ်အရာရှိဖြစ်သူ ဒဏ်ရာဖြင့် ထွက်ပြေး

Must read

ရန်ကုန်၊ မေ ၃၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာနှင့် မီးသွေးကန်အကြားတွင် စစ်သည်နှင့် အရာရှိ ၂ ဦး လိုက်ပါသော ကား တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးကို သေနတ် ၂ လက်နှင့် ကျည်ဆံများနှင့်အတူ ဖမ်းဆီးရရှိခဲ့ပြီး အရာရှိဖြစ်သူ စစ်ဗိုလ်မှာမူ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း King Cobra PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့် ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအတွင်းသို့ စစ်သား ၆ ဦးလာရောက်ပို့ ဆောင်ပြီး ပခုက္ကူမြို့ဘက်သို့ ပြန်လည်ထွက်ခွာလာသော အိမ်စီး မတ်တူးယာဉ် တစ်စီးကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် စစ်သား ၂ ဦးအနက် စစ်သားဖြစ်သူကို MA 3 အမျိုး အစား သေနတ် ၁ လက်၊ MA 5 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက်က ၂ ခု၊ ကျည် ၅၆ တောင့်တို့နှင့်အတူဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ စစ်ဗိုလ်ဖြစ်သူမှာ ဒဏ်ရာ များ ဖြင့် ထွက်ပြေးသွား ကြောင်း သိရသည်။

“အရှေ့ဘုန်းကံရွာကို လာတုန်းကတော့ ခွေး ၆ ကောင်လာချတာ။ အပြန်ကို စောင့်ပြီး ပစ်လိုက် တော့ ခွေး ၂ ကောင်ပဲပါလာတာ။ တစ်ကောင်ကို အရှင်ဖမ်းမိတယ်။ MA 3 တစ်လက်ရယ်၊ MA 5 တစ်လက်ရယ်ရတယ်။ ကျည်ဘောက်က ၂ ဘောက်။ ကျည်က ၅၆ တောင့်နဲ့ ဂန်းထဲမှာ ကျန်တာ ပါတယ်။ အတိုက ကျည် ၇ တောင့်ပါတယ်။ ၂၅၉ က ဗိုလ်ပေါ့၊ ဗိုလ်ကတော့ လွတ်သွားတယ်၊ ဒဏ် ရာနဲ့ ထွက်ပြေးသွားတာ။” ဟု King Cobra PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်သားများက လက်နက် ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး စစ်ကူများလည်း အလျှင်အမြန်ရောက်ရှိလာသဖြင့် အပြန်အ လှန်ပစ်ခတ်မှုတိုက်ပွဲ ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို King Cobra People Defense Force ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်စု ၃ တပ်ခွဲ ၃ ဒေါင်းညီနောင်တပ်ဖွဲ့နှင့် ပြည်သူ့အားမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article