25 C
Yangon

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ စစ်ကောင်စီ တပ်သားများက စိတ်ရောဂါ ခံစားနေရသူ ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက အသက် ၃၅ နှစ် အရွယ် စိတ်ရောဂါ ခံစားနေရသူ ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ယော အလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၃၀၀ ခန့်သည် ရွှေဘိုရွာနှင့် ရေသာရွာကို စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် သင်တောရွာနှင့် ရွှေဘိုရွာ အကြား အရောက်တွင် ဒေသ ကာကွယ် ရေးတပ်ဖွဲ့များနှင့် ၂ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲဖြစ်ပြီးနောက် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စည်းအချို့ကို ခိုးယူခဲ့ကြောင်း၊ ထို့နောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ရွှေဘိုရွာနေ စိတ်ရောဂါ ခံစားနေရသူ အသက် ၃၅ နှစ်အရွယ် ကိုဇင်မျိုးဝင်ကို ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ကာ လမ်းပေါ်တွင် အလာင်းစွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအခြေအနေကတော့ သက်ဆိုင်ရာ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်။ တိုက်ပွဲကတော့ ၂ နာရီလောက်ပြင်းပြင်းထန်ထန်ဖြစ်တာ စစ်ခွေးတွေ အထိအခိုက် အကျအဆုံးများတယ်လို့ သိရပါတယ်။ လူနာတွေကို ဟံသာဝတီဆေးရုံပို့တယ်။ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူဘယ်လောက်ရှိတယ် တော့ မသိရသေးပါဘူး” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ‌ ရွှေဘိုရွာအတွင်း လူသတ်မီးရှို့ ဖျက်ဆီးမှုများပြုလုပ်ပြီး‌နောက် ညနေ ၃ နာရီခန့်တွင် မြောက်ခင်ရန်းရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ မေလ ၁၆ ရက်နေ့ကလည်း ရွှေဘိုကျေးရွာရှိ လူနေအိမ် ၂၆၆ လုံးကို အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက မီးရှို့ ဖျက်ဆီးခဲ့ပြီး ယခုအကြိမ်သည် ၄ ကြိမ်မြောက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article