25 C
Yangon

ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်

Must read

ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်က ထိုသို့ ပစ်ခတ်ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိသော်လည်း ဆည်မြောင်းရုံးဝင်းအတွင်းရှိကားများ ပျက်စီးမှုများရှိကြောင်း သိရှီရသည်။

“ပစ်တာက လေယာဉ်နဲ့ ၃ ပတ်လောက်ပတ်ပြီး ပစ်သွားတာ။ လူထိခိုက်မှုမရှိဘူး။ ဆည်မြောင်းရုံးဝင်းအတွင်းကကားတွေပျက်စီးတာတော့ရှိတယ်”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မကြာခဏဆိုသလို ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article