25 C
Yangon

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရ၊ အရပ်သား သေဆုံးမှုရှိ

Must read

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရ၊ အရပ်သား သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၁

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စံပြကျေးရွာဖြစ်သည့် ယိုးတရုပ်ကျေးရွာကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား အများအပြား ထိခိုက်၊ သေဆုံးမှုရှိသည်ဟု သိရသည်။

ကနဦး သတင်းအရ အရပ်သား ၃ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး အရေအတွက်အတိအကျကို စုံစမ်းနေဆဲဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးက ” ဒီနေ့ နံနက် ၁၀ နာရီခွဲလောက်မှာ Y-12 တိုက်ခိုက်ရေးလေယာဉ်နဲ့ စစ်ကောင်စီက ဗုံး ၆ လုံးလောက် ကြဲချခဲ့တယ်။ ရွာထဲကို ကျတာပေါ့နော်။ သိရတာက ၃ ဦးသေတယ်လို့ ကြားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတယ်။ စစ်ကောင်စီ လေယာဉ်က ယိုးတရုပ်ဆေးရုံအပေါ်မှာ ဝဲနေတုန်းပဲလို့ သိရတယ်။ ” ဟု ပြောသည်။

ယိုးတရုပ်ကျေးရွာဒေသခံများမှာ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်၍ ကျေးရွာမှ စွန့်ခွာနေကြကြောင်း သိရသည်။

စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေထဲက ဌာနဆိုင်ရာ အဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ရွာ၊ မြို့များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article