25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားပြီလို့ အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသူ စာရေး ဆရာ ထင်လင်းဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးမြို့၊ မန်းမြို့မစျေးအတွင်းက ဆယ်သန်း-ရွှေဆိုင်ကို မနေ့က ညနေပိုင်းမှာပဲ ဒုတိယအကြိမ် ဓားပြတိုက်မှုဖြစ် ပွားခဲ့ပြီး ရွှေထည်ပစ္စည်းနဲ့လက်ဝတ်ရတနာ စုစုပေါင်း ရွှေ ၄ ပိဿာကျော် ပါသွားတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
  • ရှမ်းပြည်နယ် မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်မှုတွေကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်လိုက်တယ်လို့ TNLA က တရားဝင် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article