26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးထက် မနည်းကို စစ်ကောင်စီက ရာထူးတိုး အပြောင်းအရွှေ့တွေ ထပ်မံ ပြုလုပ်လိုက်ပြန်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာရှိတဲ့ ဗျိုင်းဖြူကျေးရွာက ပြည်သူ အယောက် ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အတွက် လက်စားချေမှာ ဖြစ်တယ်လို့ အာရက္ခ တပ်တော် AA က တရားကြေညာလိုက်ပါတယ်။
  • ပဲခူးတိုင်း၊ ဝေါမြို့အရှေ့ဘက်က အလင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်သားသစ် စုဆောင်း မပေးနိုင်တဲ့အတွက်ဆိုပြီး အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီး ၊ ဝေါမြို့နယ်မှာ စစ်တပ်က ပေါ်တာ ဆွဲဖမ်းဆီးနေတဲ့အတွက် လူငယ်တွေနဲ့ အမျိုးသားတွေ ထွက်ပြေးနေရတဲ့ သတင်းတွေကို တင်ဆက် ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article