25 C
Yangon

သာကေတမြို့မ ရဲစခန်းရှေ့ရှိ ၂/တောင်ရပ်ကွက်မှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဇော်လင်းက စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ငွေညှစ်နေပြီး လူငယ်များကို PDF စွပ်စွဲ၍ ဖမ်းဆီးခိုင်း

Must read

ရန်ကုန်၊ ဇွန် ၄

ရန်ကုန်မြို့၊ သာကေတမြို့မ ရဲစခန်းရှေ့ရှိ ၂/တောင်ရပ်ကွက်မှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဇော်လင်းက စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ငွေညှစ်နေပြီး လူငယ်များကို PDF စွပ်စွဲ၍ ဖမ်းဆီးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဇော်လင်းသည် ရပ်ကွက်အတွင်း ငွေကြေးအနည်းငယ် တတ်နိုင်သူများကို သီးသန့်ခေါ်ယူ၍ စစ်မှုမထမ်းလိုလျှင် ငွေ ၁၀ သိန်းပေးရန် ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်ခဲ့ပြီး မပေးသည့် နေအိမ်များကို မေလ ၂၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများဖြင့် ဧည်စာရင်းဝင်ရောက် စစ်ဆေးမှူများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မြို့မရဲစခန်းရှေ့က ရပ်ကွက်မို့ ခဏခဏလူငယ်တွေ အဖမ်းခံရတယ်။ သူက သတင်းပေးတာ ရဲစခန်းရှေ့ရပ်ကွက်မို့ ဘယ်သူကိုမှလည်း ဂရုမစိုက်ဘူး။ ကြိုက်တဲ့ကောင် လာခဲ့ဆိုပြီးဆိုင်ကယ်တစ်စီးနဲ့ ရပ်ကွက်ထဲ လျှောက်သွား မူးရူးပြီး စိန်ခေါ်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဇော်လင်း၏ ချောက်ချမှုကြောင့် လူငယ်များ မကြာခဏ ဖမ်းဆီးခံရခြင်းအပြင် ဧည့်စာရင်း ဝင်ရောက် စစ်ဆေး၍ ဇောတရုံလမ်း၊ ၂/တောင်ရပ်ကွက်မှ ကိုလှအောင် အပါအဝင် လူငယ် ၄ ဦး ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article