26 C
Yangon

မကွေးတိုင်း၊ မြို့နယ်များတွင် စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းရန် လူငယ် ၂၀ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်းအတွင်းရှိ မင်းတုန်းမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် လူငယ် ၂၀ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် မင်းတုန်းမြို့နယ်အတွင်းရှိ မဲဇလီရွာ၊ ကြပ်ဝရွာနှင့် အနီးအနားရှိ ကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် နေအိမ်များထိ လိုက်လံဖမ်းဆီးခဲ့ခြင်းကြောင်း လူငယ် ၁၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

“စစ်တပ်က တပ်သားသစ် စုဆောင်းဖို့ ဝင်ဖမ်းတာ လူငယ်တွေ တော်တော်များများကို ဖမ်းခေါ်သွားတယ်။ မဲဇလီရွာ က ၂ ဦး နဲ့ ကြပ်ဝရွာ က ၁ ဦး ကျန်တဲ့ရွာတွေကရောဆိုရင် အားလုံးပေါင်း ၁၀ ဦး ကျော်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၃ ရက်နေ့ ညပိုင်းကလည်း နတ်မောက်မြို့ပေါ်ရှိ မြို့မကွက်သစ်ရပ်ကွက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်သားသစ် စုဆောင်းရန် လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ရေနံချောင်းမြို့တွင်လည်း အကြမ်းဖက် စစ်တပ် ဦးဆောင်၍ လဝက၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်သားသစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမည့် သတင်းကြောင့် မြို့ပေါ်နေ လူငယ်များ အလုပ်လုပ်ကိုင်ရန် နေအိမ်ပြင်ပ မထွက်ရဲတော့ဘဲ တိမ်းရှောင်နေရခြင်းကြောင့် မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

“ရေနံချောင်းမြို့မှာ လဝက ဌာနက လူတွေနဲ့ ရဲတွေ စစ်သားတွေ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး စစ်မှုထမ်းဖို့ အတင်းဓမ္မ လိုက်လံ ဖမ်းဆီးမယ်လို့ သတင်းတွေ ထွက်နေလို့ မြို့ခံလူတွေ အနီးအနားကျေးရွာက လူငယ်တွေ ကြောက်လန့်နေကြပြီး အိမ်ပြင်မထွက်ဖို့ ရှောင်တိမ်းနေကြဖို့ အချင်းချင်း သတိပေးနေရပါတယ်။ ရေနံချောင်းမြို့မှာ စစ်မှုထမ်း ဖမ်းဆီးခြင်းတွေ မကြာခဏဖြစ်ပွားနေလို့ မြို့ခံတွေ အလွန်အမင်း စိတ်ဆင်းရဲနေပါတယ်။ စားဝတ်နေရေး လုပ်ကိုင်ဖို့အတွက်တောင် အခက်တွေ့နေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီက တပ်သားသစ်များအဖြစ် စုဆောင်းထားသော လူငယ် အမျိုးသားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက တပ်သားသစ်များအဖြစ် စုဆောင်းထားသော လူငယ် အမျိုးသားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article