25 C
Yangon

ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာရှိ စစ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာရှိ စစ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန် ကြားရေးတာဝန်ခံကိုပိန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းကို Rocket များဖြင့် အလုံး ၃၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီးများနေထိုင်ရာ ဘန်ကာများ၊ စခန်းများ ထိခိုက်ပျက်စီးခဲ့ရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ပစ်လိုက်တဲ့ ရော့တွေက သူတို့ရဲ့စခန်းအတွင်းဘက်တွေကို ကျပြီး ဘန်ကာတွေပျက်စီး တာမျိုးတွေရှိတယ်။ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Thurain-TR (Pakokku) ၊ Pakokku Underground Force ၊ Taty-PKU PDF ၊ Cobra One (Pakokku) ၊ Young Force – UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၄ ရက်နေ့က ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကား ၁၃ စီး နှင့် အင်အား ၁၅၀ ဦးခန့်ပါ စစ်ကြောင်းကို ပခုက္ကူ-ကမ္မလမ်းပိုင်း တစ်နေရာ အရောက် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက သူတို့ စခန်းချထားတာရှိတဲ့ ညောင်ဂျစ်ပင်နဲ့ ကန်တော် အနီးတဝိုက်မှာ ရှိနေ သေးတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်က ချတဲ့ ဗုံးသီး အလုံး ၅၀ ကျော်ကြောင့် မော်တော်ကားတွေ ပျက်စီးပြီးတော့ ရှေ့ဆက်ပြီးတော့ ခရီးမဆက်နိုင်တာရှိတယ်၊ ဒီနေ့ မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ ၁၂ နာရီခွဲမှာ တစ်ကြိမ် Mi 35 နဲ့ အဲဒီယာဉ်အပေါ်ကနေ ပျံဝဲပြီးတော့ လုံခြုံရေးယူပေးတာရှိတယ်။ မနေ့က စစ်ကြောင်းမှူးပါ သေတော့ လေယာဉ်နဲ့ ၂ ကြိမ်လာပစ်တာ၊ လာပစ်တာက တိုက်ပွဲဖြစ်တဲ့ နေရာမှာမဟုတ်ပဲ အပြစ်မဲ့ပြည်သူတွေ နေထိုင်တဲ့ ရွာတွေပေါ်ကို ကျဲချသွားတာ” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပခုက္ကူ-ကမ္မ-မြိုင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Thurain-TR (Pakokku)နှင့် Young Force UG တို့မှပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက်မတိုးရဲတော့ဘဲ အနီးအနားကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကြောင့် အပြစ်မဲ့ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ၄ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အဓိကတော့ ကျွန်တော်တို့ တိုက်ခိုက်တဲ့အချိန် သူတို့ဘက်က အထိအခိုက်တွေများထားတော့ အပြစ်မဲ့ ပြည်သူတွေကို လက်တုန့်ပြန် တိုက်ခိုက်တာလို့ ယူဆရယ်၊ ဒါက အပြစ်မဲ့ပြည်သူတွေအပေါ် လုပ် ဆောင်သွားတာဖြစ်တဲ့အတွက် လက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့ ရဲဘော်တွေအားလုံးက ဘေးအန္တရာယ်ကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန် ကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article