25 C
Yangon

မင်းတပ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ စစ်တပ်၏ လေ ကြောင်း တိုက်ခိုက်မှုများကြောင့် လူစုလူဝေး မလုပ်ရန်၊ ဗုံးခိုကျင်း တည်ဆောက်ကြရန် သတိပေး

Must read

ရန်ကုန်၊ ဇွန် ၅

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁ ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေ ကြောင်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat သတင်းပြန်ကြားရေး နှင့် မှတ်တမ်းဌာနက ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ ည ၁၂ နာရီခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်-၁ ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး လူနေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား ၍ လေကြောင်းဖြင့် ဗုံးကျဲမှုများ ပိုမိုလုပ်ဆောင်လာ၍ လူစုလူဝေးမပြုလုပ်ရန်နှင့် ဗုံးခိုကျင်းများ တည်ဆောက်ကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့နယ် အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဆေးရုံဆေးခန်းများနှင့် အပြစ်မဲ့ ပြည်သူလူထု နေအိမ်များကို လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာသာကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဆေးရုံဆေးခန်းများနှင့် ကျေးရွာခန်းမဆောင်များတွင် လူစုလူဝေးပြုလုပ်ခြင်း၊ ကျေးရွာအတွင်း ရိုးရာပွဲလမ်းသဘင်များကျင်းပခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ကြရန်နှင့် ကတုတ် ကျင်းများ၊ ဗုံးခိုကျင်းများကို ခိုင်ခန့်စွာ ဆောက် လုပ်ထားရှိကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့က မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ရှိ ဝမ္မသူးဆေးရုံကို အကြမ်း ဖက် စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအတွင်း ဆေးကုသမှုခံ ယူ လျက်ရှိသည့်အရပ်သား ပြည်သူ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကာ ဆေးရုံအဆောက် အအုံမှာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ယမန်နှစ် မင်းတပ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် မင်းတပ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article