25 C
Yangon

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက်

Must read

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက်

ရန်ကုန်၊ ဇွန် ၆

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လတ်တလော သံတွဲမြို့နယ်အတွင်းရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် အနီးအနားဒေသများကို AA က သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ကြောင်း၊ တိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် သွားလာရေးလမ်းကြောင်းများအားလုံးကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း သိရှီရသည်။

လက်ရှိတွင် သံတွဲလေဆိပ်ကို စစ်ကောင်စီက ယာယီပိတ်ထားပြီး ဟိုတယ်များကိုလည်း ပိတ်သိမ်းထားကြောင်း၊ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကိုလည်း စစ်တပ်က ဖြတ်တောက်ထားကြောင်း သိရှိရသည်။

ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီဟိုတယ်ဇုန်အနီးတို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ အကြား တိုက်ပွဲပြင်းထန်လာကြောင်း၊ ငပလီမြို့နှင့် ၃ မိုင်ခန့်အကွာ ဂေါ့တောင်နှင့် သံတွဲမြို့ ၅ ခန့်အကွာ ရွှေလှေအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်ပြီး ညနေ ၄ နာရီအချိန်အထိ တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article