25 C
Yangon

နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် PV သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ပိတ်ပင်၊ လူငယ်အများစုမှာ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်ထား၍ PJ မှ PV ပြောင်းလဲ နိုင်ငံခြားသို့ထွက်ခွာနေမှု ရပ်ဆိုင်းသွားပြန်

Must read

ရန်ကုန်၊ ဇွန် ၇

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ယမန်နေ့မှစတင်၍ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၆ ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်း လဲရန် လျှောက်ထားမှုများအားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက မေလလဆန်းပိုင်းတွင် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုးသားများအားလုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ပင်ခဲ့သည့်အတွက် လူငယ်အမျိုးသားများမှာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ)များကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားပြီး ပြည်ပနိုင်ငံများ သို့ အလည်အပတ်ဖြင့် ထွက်ခွာနေမှုများ အလွန်များပြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် PJ မှ PV အမျိုးအစားသို့ ပြောင်းလဲ လျှောက်ထားမှုများကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မေလ ၈ ရက်နေ့ကတည်းက Passport PJ ကနေ PV ပြောင်းကြတာ အရမ်းများတယ်။ တချို့လည်း အမြန်ကြေး ငွေသိန်း ၂၀ လောက်ပေး လာဘ်ထိုး နိုင်ငံကူးလက်မှတ် PV ပြောင်းပြီး ရသလိုနည်းနဲ့ ပြည်ပကို ထွက်ကြတာ။ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ကြတာ။ အခုတော့ အကုန်လမ်းပိတ်သွားပြန်ပြီ။ PJ ကနေ PV ပြောင်းမရတော့ပြန်ဘူး” ဟု ရန်ကုန်မှ နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်းလဲရန် ကြိုးစားနေသူ လူငယ် တစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေး သတင်းရင်းမြစ်ထံသို့ မေးမြန်းရာ နိုင်ငံကူးလက်မှတ် PJ မှ PV အမျိုးအစားသို့ ပြောင်းလဲမှုများ ပိတ်ပင်လိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ သက်တမ်းရှိသည်ဖြစ်စေ၊ သက်တမ်းကုန်သည်ဖြစ်စေ လတ်တလော ညွှန်ကြားချက်များအရ အသက် ၂၃ နှစ် အသက် ၃၂ နှစ်အတွင်းရှိ အမျိုးသားများ ကိုင်ဆောင်သော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များကို PV သို့ လုံး၀ ပြောင်းလဲပေးမည်မဟုတ်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူငယ်များ ပြည်ပသို့ ထွက်ခွာမှု အလွန်များပြားနေသဖြင့် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း လူငယ်များကို ပြည်ပအလုပ်ဖြင့် ထွက်ခွာခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article