25 C
Yangon

NUGအစိုးရ နှင့် အလှူရှင်များ၏ ထောက်ပံ့မှု၊ ကရင်နီပြည်တွင် အခွန်ကောက်ခံမှုများမှ ၁နှစ်လျှင် ကျပ်ငွေ သန်း ၈၀၀၀ကျော် ရရှိဟု ကရင်နီ IEC ဥက္ကဌပြောဆို

Must read

ရန်ကုန်၊ ဇွန် ၆

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ ၂၀၂၃ခုနှစ် ဇွန်လကနေ ၂၀၂၄ခုနှစ် မေလအတွင်း ရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ကျော် ရရှိခဲ့ပြီး လိုအပ်တဲ့ ကဏ္ဍတွေအတွက် ကျပ်သန်း ၆၀၀၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်က ပြောဆိုသွားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းမှာ သူက ထည့်သွင်းပြောဆိုခဲ့တာပါ။

“အခွန်ကောက်ခံမှုကနေ ရရှိခဲ့တဲ့ ရန်ပုံငွေ၊ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီး ထောက်ပံ့ပေးခဲ့တဲ့ ရန်ပုံငွေ၊ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ကြတဲ့ ကရင်နီ လူမှုအသိုက်အဝန်းကနေပြီး ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တသီးပုဂ္ဂလ အလှူရှင်တွေက ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ စတာတွေကို စုပေါင်းလိုက်ရင် ၂၀၂၃ဇွန်လကနေ ၂၀၂၄ခုနှစ် မေလအတွင်း စုစုပေါင်း ရန်ပုံငွေရရှိမှုက ကျပ်ငွေသန်းပေါင်း ၈၃၁၀သန်းဖြစ်ပြီး ကဏ္ဍအသီးသီးအတွက် ကျပ်ငွေသန်းပေါင်း ၆၁၈၇သန်းကို ခွဲဝေသုံးစွဲပြီး ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IECအနေနဲ့ ကရင်နီပြည်နယ်မှာ ၁နှစ်တာအတွင်း အုပ်ချုပ်ရေးယန္တယားကို လက်တွေ့ကျင်သုံးလည်ပါတ်နေပြီး ဌာန ၈ခုနဲ့ ပြည်သူလူထု ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်နေပြီလို့ ဆိုပါတယ်။

ဒီအထဲက ဌာနတခုဖြစ်တဲ့ ကရင်နီပြည် ရဲဌာနခွဲ KSPမှာဆိုရင် ကရင်နီပြည်နယ်မှာ ရဲစခန်း ၁၅ခု ၊ ရဲကင်း ၁၀ခုနဲ့ ရဲဝန်ထမ်း ၅၀၀ကျော် ပါဝင် တာဝန်ထမ်းဆောင်နေပြီး ဒီနှစ်ကုန်မှာ ရဲအင်အား၁၀၀၀ပြည့်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့လည်း ဆေးခန်းပေါင်း ၆၀ကျော်နဲ့ ဆေးရုံ၁ရုံဖွင့်လှစ်နိုင်ခဲ့ပြီး ၁နှစ်အတွင်း ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ စုစုပေါင်း ၅သောင်းကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူဘဲ ပညာရေးကဏ္ဍမှာလည်း ကရင်နီပြည်ယာယီတက္ကသိုလ်ကောင်စီနဲ့ပူးပေါင်းပြီး ဝိဇ္ဇာတက္ကသိုလ်ဖွင့်လှစ်နိုင်ခဲ့သလို သူနာပြုတက္ကသိုလ်ဖွင့်လှစ်မှုနဲ့ ဆေးကောလိပ်ဖွင့်လှစ်မှုတွေကို အသိအမှတ်ပြု အားပေးမြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပါတ်နိုင်ဖို့ ပြည်သူလူထုက အဓိကအခန်းကဏ္ဍကပါဝင်ပြီး အားပေးကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း IEC တနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ဥက္ကဌ ခူဦးရယ်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဓါတ်ပုံ – ကရင်နီပြည် ကာကွယ်ရေးတပ်များက ပြည်သူ့လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည် ကာကွယ်ရေးတပ်များက ပြည်သူ့လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article