25 C
Yangon

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး

Must read

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၉

တနင်္သာရီတိုင်း၊ သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံးထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ကမ်းတက် စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီး စစ်သင်္ဘောမှ လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူ အမြောက်အမြား အသုံးပြုပြီး တိုက်ခိုက်သော်လည်း တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ ခုခံ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော် အချို့ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့တွင် ကျွဲမင်းကုန်း ကျေးရွာတွင် ဖြစ်ပွားသော ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၃ ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပြီး ရဲဘော် ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်သည် ဇွန်လ ၆ ရက်နေ့တွင် ကျဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက် သေဆုံးမှုက များတယ်။ ကျွန်တော်တို့ဘက်က ပစ်လို့ထိတာရော သူတို့ လေကြောင်းကြောင့် သူတို့ထိတာရောပါတယ်။ အဲထိတွေ့ တိုက်ပွဲတွေများ စစ်ခွေး သေတာနဲ့ ဒဏ်ရာရတာ ခန့်မှန်း အနေနဲ့ ၃၀ အထက်လောက်ရှိမယ်” ဟု ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ဖက်ဒရယ်စစ်ကြောင်းနှင့် လက်ရုံးတပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း စတင် ဝင်ရောက်လာသည့် နေ့ရက်မှစ၍ တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် နောက်မဆုတ်ဘဲ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများကို အမြောက်အမြား အသုံးပြုခြင်းကြောင့် ပြည်သူများ ထိခိုက်မှုများ၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article