25 C
Yangon

မောင်တောတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရိုဟင်ဂျာ ကလေးငယ် ၂ ဦး အပါအဝင် မိသားစုဝင် ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရိုဟင်ဂျာ ကလေးငယ် ၂ ဦး အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် မောင်တော်မြို့နယ်၊ ဟာဘီအနောက် ရိုဟင်ဂျာကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မိသားစုဝင် ၅ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ရိုဟင်ဂျာမိသားစုဝင်များမှာ အသက် ၅၅ နှစ်အရွယ် ဂျူဟာရ်အလောမ်၊ အသက် ၄၅ နှစ်အရွယ် ဒိလ်ဘာရ်၊ သားဖြစ်သူ အသက် ၂၂ နှစ် အရွယ် နော်ဂျူအာဆောင်း၊ သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် ရှာယာ၊ အသက် ၁၁ နှစ်အရွယ် ကိုဟိနူရ်း တို့သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးတွင် အသက် ၆ နှစ် အရွယ်အတာအုလာ ၊ အသက် ၃၅ နှစ်အရွယ် ဆော်မိရာ ၊ အသက် ၁၂ နှစ်အရွယ် မရှားဟိမာ ၊ အသက် ၇၀ နှစ်အရွယ် နူရ်နာရ် ၊ အသက် ၃၂ နှစ် အရွယ် နူရ်ဖာတေမာ၊ အသက် ၈ နှစ်အရွယ် နန့် ကိုင်ဆဲရ် တို့ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်ရှုံးမှုများ အကြီးအကျယ် ကြုံတွေ့ရပြီးနောက် အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲခြင်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article