25 C
Yangon

စစ်မှုထမ်းဥပဒေကြာင့် အတင်းအကျပ် စစ်ထဲဝင်ရသည့် လူငယ်များ၊ စစ်သားနှင့်ရဲများ CDM ဝင်လိုပါက ဆက်သွယ်ကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အတင်းအကျပ် စစ်ထဲဝင်ရသည့်လူငယ်များနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက ဆက်သွယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထပ်မံဖိတ်ခေါ်လိုက်သည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်း ရင်းသားတော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊မေလအတွင်းတပ်သား နှင့်ရဲ ၄၅ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း၊ အရာရှိအဆင့် ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦး ၊ ဗိုလ် ၁ ဦးနှင့် ဒုရဲအုပ် ၁ ဦး အပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ၄၅ ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှု လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း၊ မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှု လာသူ များ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၂၄ လက်နှင့်ခဲယမ်း များ ရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article