33 C
Yangon

မုံရွာ၊ သက္ကယ်ကျင်းရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး လွန်ခဲ့ သော ၃ လကျော်အချိန် ဖမ်းဆီးသွားခဲ့သော သက္ကယ်ကျင်းရွာသား ၅၀ ကျော်မှာလည်း သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး လွန်ခဲ့သော ၃ လကျော်အချိန် စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့သေသက္ကယ်ကျင်းရွာ သား ၅၀ ကျော်မှာလည်း သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ မုံရွာမြို့နှင့် ၂ မိုင်ခန့်အကွာရှိ သက္ကယ်ကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ် ထပ်မံ စစ် ကြောင်းထိုးလာ ခဲ့ပြီး ကျေးရွာမှ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လွန်ခဲ့သော မတ်လအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က သက္ကယ်ကျင်းကျေးရွာ အတွင်းသို့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာနေပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ စုစုပေါင်း အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၄၀၀ ကျော်မီးလောင်ပြာကျခဲ့ကာ နေအိမ်များအတွင်း ပုန်းခိုနေသည့် အမျိုးသမီး ၃ ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်တပ်က နေအိမ်များကို မီးရှို့ခဲ့ပြီးနောက် ဖမ်းဆီးထားသော ပြည်သူ ၈၀ ကျော် လူသားဒိုင်းကာအဖြစ် ဖမ်းဆီး သွားခဲ့ကြောင်း၊ လွန်ခဲ့သော မေလအတွင်း ပြည်သူ ၂၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ပြည်သူ ၅၀ ကျော်ကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ကြောင်းထိုးပြီး လူသားဒိုင်းအဖြစ် ဖမ်းသွားတဲ့ ရွာသူရွာသား ၈၀ ကျော်ထဲက ၂၀ ကျော်ဟာ လွန် ခဲ့တဲ့ တစ်လလောက်က လွတ်မြောက်ခဲ့ပေမဲ့ ၅၀ ကျော်ကတော့ အခု ၃ လ ပြည့်တဲ့အထိ မလွတ်သေး ဘူး၊ မိသားစုဝင်တွေလည်း စိုး ရိမ် စိတ်ပူနေကြတယ်။ အပြစ်မဲ့ပြည်သူတွေဖြစ်တာကြောင့် အမြန်ဆုံး ပြန် လည်လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ – မုံရွာမြို့တွင် စစ်ဆေးနေသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားနှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article