ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဟင်္သာဝဲကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ် စောလားဂျွတ် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၁ မိနစ်ခန့်နှင့် ၇ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက လက်နက်ကြီး ၈၁ မမ ၁ လုံးနှင့် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ နှင့် ၁၂၀ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းဆုံး၊ ဂွေးကုန်း ကျေးရွာ နှင့် ဘောကထာကျေးရွာအရှေ့ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၈ ရက်နေ့ ည ၆ နာရီ နှင့် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၅၅ မမ နှင် ၁၂၂ မမ လက်နက်ကြီး စုစုပေါင်း ၃၂ လုံးဖြင့် ကျောက်တန်း၊ ဆယ်ဧက၊ ရေဖြူကန်၊ ကောက်မယ်သူနှင့် ယောက်သွားကုန်း ဘက်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၊ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ပစ်ခတ် လိုက်သော ၈၁ မမ လက်နက်ကြီး ၁ လုံး ကျောင်းဆုံးဘက်ကို ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ မန်တုံမြို့ စစ်ရှောင်စခန်းမှ ကလေးငယ် ၁ ဦးသည် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃၀ တပ်စခန်း ဟောင်းအနီးတွင် မှိုသွားရှာစဉ် စစ်တပ်က ထောင်းထားသော မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
ဇွန်လ၁၁ ရက်နေ့ နံနက်၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃၀ တပ်စခန်း ဟောင်းအနီးတွင် အသက် ၁၆ နှစ်အရွယ် မိုင်းယာလေးသည် မှိုသွားရှာစဉ် စစ်တပ်က ထောင်းထားသော မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ကာ ပြင်းထန် ဒဏ်ရာဖြင့် မန်တုံဆေးရုံတွင် ဆေးကုသမှုခံယူ လျှက်ရှိကြောင်းသိရှိရသည်။
အလားတူ ဇွန်လ ၈ ရက်နေ့တွင် ကျောက်မဲမြို့ ပန်လော့ရွာ၌ အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar