27 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် သရက်ကန်ပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ ပျုစောထီး ၁ ဦးသေဆုံးပြီး ပျူစောထီးခေါင်းဆောင် ဆန်းလွင် ပေါင်တစ်ဖက်ပြတ်သွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သရက်ကန်ရွာမှ ပျူစောထီးများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူ့ပိုင် ပစ္စည်းနှင့် စားနပ်ရိက္ခာများကို အမြဲ ခိုးယူလုယက်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် မြိုင် ပကဖ အဖွဲ့ဝင်များ ဖြစ်သော TYK‎ပြောက်ကျားတပ်ဖွဲနှင့် မုန်တိုင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၅၂ မိနစ်ခန့်တွင် မြင်းမူမြို့မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာအကြားတွင် Dog Killers People’s Defence Force Myinmu အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article