30 C
Yangon

မွန်အမျိုးသမီးများကို စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၅

မွန်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အပြုအမူအားဖြင့်သော်လည်ကောင်း၊ နှုတ်အားဖြင့်သော်လည်ကောင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့စားသောက်ဖို့ ထမင်းဟင်းနဲ့ စားသောက်ဖွယ်ရာတွေ အတင်းအဓမ္မ ချက်ပြုတ်ခိုင်းတာ၊ ညအချိန်မတော်အိမ်တံခါးတွေ ခေါက်ပြီး နှောက်ယှက်တာအပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်ဆိုပြီး လူငယ်အမျိုးသမီးတွေကို နှုတ်အားဖြင့် နှောက်ယှက်နေတယ်လို့ ဆိုပါတယ်။

ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် သူတို့တပ်စွဲထားရာ ကျေရွာတွေနဲ့ အနီးအနားက ကျေးရွာတွေမှာ ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေကို ဖောက်ထွင်းယူဆောင်ခဲ့တဲ့အပြင် ဒေသခံတွေ နေရပ်ပြန်လာချိန်မှာလည်း အခုလို အမျိုးသမီးတွေကို နှောက်ယှက်တာတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အခုလို နေရပ်ပြန်အမျိုးသမီးတွေကို နှောက်ယှက်စော်ကားပြီး ပြည်သူတွေရှင်သန်ရေးအတွက် အန္တရာယ်ပြုနေတဲ့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက အပြင်းအထန်ရှုံချတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေပြောင် ပြောင်တင်းတင်းချိုးဖောက်နေရုံသာမကဘဲ တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေ နေရပ်မပြန်ရဲစေဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက်ကျူးလွန်နေဆဲဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မွန်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းဒေသက ကျေးရွာတွေထဲကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာအပြင် စစ်သင်္ဘောတွေနဲ့ပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပါတ်ကစလို့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာလို့ သိရှိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article