31 C
Yangon

ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်စစ်သုံးစစ်အမြစ်ဖြတ်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်စစ်သုံးစစ်အမြစ်ဖြတ်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၆

ရန်ကုန်မြို့တွင် “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒိုအတူရုန်း”၊ “The Future of Our Nation is in Our Hands”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာများ ကိုင်စွဲပြီး ဖိနှိပ်မှုများ တင်းကျပ်ထားသည့်ကြားမှ ပြည်သူတရပ်လုံး ကြုံတွေ့ခံစားနေရသည့် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေးဆိုင်ရာ လှုံဆော်သည့် သပိတ်ချီတက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article