27 C
Yangon

မောင်တောမြို့နယ်၊ ဗိုလ်မှူးကျေးရွာမှ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ခန့်ကို AA က ကယ်ထုတ်

Must read

ရန်ကုန်၊ ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူးကျေးရွာမှ အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ခန့်ကို AA က ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ ဗိုလ်မှူးရွာအတွင်း ၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လက်အောက်ခံ လက်နက်ကိုင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းချုပ်ပိတ်လှောင်ခံထားရသော သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေး သူငယ်များ စသည့် ပြည်သူ ၃၀၀ ခန့်ကို AA တပ်ဖွဲ့ဝင်များက တိုက်ပွဲကြား၌ ကယ်ထုတ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းပြည်သူအချို့သည် အကြမ်းဖက်စစ်သားများနှင့် ၎င်းတို့ လက်အောက်ခံ လက်နက်ကိုင်များက ကာလကြာရှည် စွာ လူသားဒိုင်းကာအဖြစ် အသုံးပြုခံထားရသဖြင့် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာရေစာ ပြတ်လပ်မှုဒဏ်ကိုခံစားခဲ့ရကြောင်း သိရသည်။

အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွှဲလျက်ရှိကြောင်း၊ ထိုကြောင့် မောင်တောမြိုနှင့် ၎င်းပတ်ဝန်းကျင်အနီးကျေးရွာများမှ ရွာသူရွာသားများအနေဖြင့် တိုက်ပွဲနှင့် လွတ် ရာ နေရာများသို့ တိမ်းရှောင်လာကြစေရန် ဇွန်လ ၁၆ ရက် နှင့် ဩဂုတ်လ ၇ ရက်နေ့တို့ တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကြေညာပြီးနောက် ဖက်ဆစ် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့များသည် မွတ်စလင် ကျေးရွာများမှ ပြည်သူများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ခေါ်ဆောင်ထားခဲ့ကြောင်း AA က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article