ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း စလင်းမြို့နယ် ပေါက်မရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက် မနည်း ပြင်းထန်စွာ ဒဏ်ရာရ၍ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တနာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေးအဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးစာရင်းကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှုပြီးနောက် အကြမ်းဖက်စစ်သားများသည် လင်းဇင်းရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“စကစရဲ့ ရမ်းသမ်းပစ်ခတ်မှဒကြောင့် ပြည်သူ ၂ ဦးထိပါတယ်။ စခတွေက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ပါ။ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တနာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ (၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မိုးကြိုးပြောက်ကျား တပ်ရင်း ၁၀၁ ၊ဒေါင်းစစ်အောင် LPDF၊ စလင်း(ပကဖ) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်များရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ဒီပဲယင်းမြို့နယ် ပ.က.ဖ | တိုက်နယ် ၅ | တိုက်နယ် ၆| တိုက်နယ် ၉ နှင့် ရေဦးမြို့နယ် ပ.က.ဖ (တောင်ပိုင်း) ၅/မဟူရာကျွဲရိုင်း | ရေဦးမြို့နယ် ပ.က.ဖ ဝံပုလွေအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar