27 C
Yangon

ဖားကန်မြို့နယ်၊ လမောင်နှင့် တောမှော် စစ်ကောင်စီစခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်၊ ၊ စစ်တပ် လေကြောင်း ပစ်ကူဖြင့် ခုခံ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ လမောင်နှင့် တောမှော် စစ်ကောင်စီစခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီး စစ်တပ် လေကြောင်း ပစ်ကူဖြင့် ခုခံနေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်မှစတင်၍ တောမှော်နှင့်လမောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF နှင့် KIAပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားနေသော လမောင်တပ်စခန်းအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အခု KIA နဲ့ PDF တပ်တွေ တိုက်နေတဲ့ စစ်တပ်စခန်း ၂ ခုမှာ လမောင်စခန်းကုန်းက ဖားကန့်မှာ တည်နေရာ ကုန်းအမြင့်ဆုံးပေါ်မှာရှိတယ်။ စစ်ရေးအရ အရေးပါတယ်။ ဗျူဟာအတွက် အရေးကြီးတယ်။ အဲဒီမှာ စစ်ခွေးအင်အား ၅၀ လောက်ရှိတယ်။အဲဒီကုန်းကို သိမ်းနိုင်ရင် ဖားကန့်မှာ အမြင့်ဆုံးစခန်းတစ်ခုကို စစ်ကောင်စီက လက်လွှတ်ရမယ်။ တိုက်ပွဲကတော့ အခုပြင်းထန်နေတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသော လမောင်စခန်းနှင့် တော်မှော်စခန်း အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများထွက်ပြေးနေရကြောင်း၊ ဖာကန့်းမြို့နယ်တွင် KIA က နယ်မြေစိုးမိုးမှု အများဆုံး ပိုင်ဆိုင်ထားပြီး စစ်တပ်ဘက်မှ ကံစည်း၊ အောင် ဘာလေ၊ ဆိုင်းတောင်၊ ဖားကန့်ဗျူဟာကုန်းကဲ့သို့ စစ်တပ်စခန်းတချို့သာ ကျန်ရှိတော့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article