27 C
Yangon

ဂန့်ဂါမြို့နယ်၊ လုံခြုံရွာနှင့် မကျည်းခင်ရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုး နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး မော်တော်ကား၊ ဆီပေပါများ နှင့် စားနပ်ရိက္ခာများ ခိုးယူသွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံရွာနှင့် မကျည်းခင်ရွာတို့ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးပြီး ပြည်သူ့နေအိမ် ၃ လုံးထက် မနည်းကို မီးရှို့ဖျက်ဆီးကာ ကား၊ ဆီပေပါများအပါ အဝင်ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၁၄ ရက် နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော အ ကြမ်းဖက်စစ်ကြောင်းက လုံခြုံရွာမှ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် လုံခြုံရွာနှင့်မကျည်းခင်ရွာကြားတွင် ပုဂ္ဂလိကစက်သုံးဆီ ပန့်ဆီဆိုင်မှ ဆီပေပါများ၊ စားသောက်ကုန် များကို ကား ၄ စီးဖြင့် ခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

“လုံခြုံရွာမှာ မီးရှို့ခံရတဲ့နေအိမ်က ၃ လုံး၊ တစ်လုံးကတော့ လုံးဝပြာကျသွားတယ်။ ပြီးတော့ လုံခြုံ ရွာနှင့်မကျည်းခင်ရွာကြားထဲမှာရှိတဲ့ ပန့်ဆီဆိုင်က ဆီပေပါတွေကို ကား ၂ စီးနဲ့သွားတယ်၊ ပြီးတော့ ပြည်သူပိုင် ရိက္ခာခြောက်နဲ့ အသုံးစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကား ၂ စီးနဲ့ သယ်သွားတယ်လို့ သိရပါတယ်။ ဂန့်ဂေါမြို့က ခလရ ၅၀ တပ်ထဲကို သယ်သွားတာပါ” ဟု ယော အလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းက ဂန့်ဂေါမြို့ အနီး တဝိုက်ရှိ ကျေးရွာများ၊ မြစ်သာမြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာ များသို့ ပြောင်းရွှေ့ကာ သတိဖြင့်နေထိုင်ပေးကြရန် တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးသဖြင့် ပျက်စီးသွားသော လုံခြုံရွာမှ ပြည်သူ့နေအိမ် တစ်လုံး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးသဖြင့် ပျက်စီးသွားသော လုံခြုံရွာမှ ပြည်သူ့နေအိမ် တစ်လုံး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article